အခမ်းအနားဖြစ်မြောက်ရေးအတွက် ကူညီခဲ့ ကြတဲ့ အားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်း

Wednesday, August 1, 2012

ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများက ဖိတ်ကြားစာ ပေးပို့ခြင်း


သို့
ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဋ္ဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့။

       နေ့စွဲ။     ။ ၂၀၁၂ ခုနှစ် သြဂုတ်လ(၁) ရက်။
အကြောင်းအရာ။ ။ ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) မြန်မာမိသားစုများက ဖိတ်ကြားစာ ပေးပို့ခြင်း။
၂၀၁၂ ခုနှစ် စက်တင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အမေရိကန်ပြည်ထောင်စု သို့ လာရောက်မည်ဟု သိရှိရပါသည်။ အဆိုပါခရီးစဉ်အတွင်း မိမိတို့ ဆန်ဖရန်စစ္စကို-ဘေးဧရိယာ (San Francisco Bay Area)  သို့ ကြွရောက်စေလိုပါသည်။ ဦးစားပေးအနေဖြင့် ထည့်သွင်းစဉ်းစား၍ ကြွရောက်ပါရန်လည်း လေးစားစွာ ဖိတ်မန္တက ပြုအပ်ပါသည်။

         ဆန်ဖရန်စစ္စကို (ဘေးဧရိယာ) သည် ဆန်ဖရန်စစ္စကို ပင်လယ်အော်ပတ်ဝန်းကျင်ရှိ ဆန်ဖရန်စစ္စကိုမြို့ အပါအ၀င် အခြားသောမြို့များ ပါဝင်သော  ဒေသဖြစ်ပြီး  ထောင်နှင့်ချီသည့်  မြန်မာမိသားစုများ နေထိုင်လျက်ရှိပါသည်။ မြန်မာ့ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများ၊ မြန်မာတိုင်းရင်းသား လူမျိုးစုံ အများဆုံး  စုဝေးနေထိုင်ကြသည့် ပင်လယ်အော်ဒေသကြီး ဖြစ်ပါသည်။ ထို့အပြင် မြန်မာ့အရေး ကူညီဆောင်ရွက်နေသူ အများအပြားလည်း ရှိပါသည်။

        လူထုခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် များပြားလှသော အလုပ်တာဝန် ဝတ္တရားများကြောင့် အချိန်ပေးနိုင်ရန် ခက်ခဲမှုရှိနိုင်ပါလိမ့်မည်။ သို့သော်လည်း  မြန်မာမိသားစုများနှင့် မြန်မာ့အရေး ကူညီသူများက  ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စု ခရီးစဉ်အတွင်း တွေ့ဆုံပွဲတရပ် ကျင်းပကာ ဂါရဝပြုလိုပါသဖြင့် မိမိတို့ဒေသသို့ ကြွရောက်ပါရန်  လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ (၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် မြန်မာမိသားစုများ၏ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ယခုဖိတ်ကြားစာ ပေးပို့ခြင်းဖြစ်ပါသည်။)


လေးစားစွာဖြင့်
မြန်မာမိသားစုများ
ဆန်ဖရန်စစ္စကို (ဘေးဧရိယာ)
ကယ်လီဖိုးနီးယားပြည်နယ်
အမေရိကန်ပြည်ထောင်စု။

No comments:

Post a Comment