အခမ်းအနားဖြစ်မြောက်ရေးအတွက် ကူညီခဲ့ ကြတဲ့ အားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်း

Monday, October 1, 2012

ဆန်ဖရန်ဘေးဧရိယာမြန်မာများနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲ ရုပ်သံ

ဆန်ဖရန်ဘေးဧရိယာမြန်မာများနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲ ရုပ်သံ
မိုးမခရုပ်သံ၊ (နွေးနွေး၊ ကိုကျော်နိုင်) အောက်တိုဘာ ၁၊ ၂၀၁၂
စက်တင်ဘာ ၂၉၊ USF တက္ကသိုလ်ပရ၀ုဏ်မှာ နံနက် ၉ နာရီ ၁၅ မှ ၁၀ နာရီ ၄၅ အထိ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်ဘေးဧရိယာမြန်မာတိုင်းရင်းမိသားစုများ တွေ့ဆုံပွဲမှာ ဧည့်ပရိသတ် ၃၅၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။ ပွဲခင်းအတွင်း ရိုက်ကူးခဲ့တဲ့ ရုပ်သံကို ပြန်လည် တင်ဆက်လိုက်ပါတယ်။ ဆန်ဖရန် မြို့တော်ဝန်က ဒေါ်စုအား နှုတ်ဆက်ခြင်း၊ USF ကျောင်းကိုယ်စား ကယ်လီဖိုးနီးယားလွှတ်တော်အမတ် နန်စီပလိုစီက ဂုဏ်ပြုခြင်း၊ ဒေါ်စုက နှုတ်ခွန်းဆက်ခြင်း နှင့် မြန်မာပြည်သူတို့၏ မေးခွန်းများကို ဖြေကြားခြင်းတို့ ကို အစီအစဉ်တွေထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Saturday, September 29, 2012

Finally !!!! SUU - SF Event with 3600 guests, a success !!!


  ဆန်ဖရန်စစ္စကိုမြန်မာတိုင်းရင်းသားများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
မိုးမခဓာတ်ပုံသတင်း၊ (ကိုထိန်လင်း၊ နွေးနွေး၊ ကိုကျော်နိုင်)၊ စက်တင်ဘာ ၃၀၊ ၂၀၁၂
ယမန်နေ့က ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲကို ဆန်ဖရန်မြို့တော်၊ USF တက္ကသိုလ်ပရ၀ုဏ်တွင်းရှိ အားကစားခမ်းမမှာ ကျင်းပခဲ့သည်။
 မနက် ၉ နာရီ ၁၅ မှ ၁၀ နာရီ ၄၅ ကြာမြင့်သည် တွေ့ဆုံပွဲသို့တက်ရောက်ရန် မနက် ၆ နာရီကတည်းက ပြည်သူလူထုများ စတင်တန်းစီရောက်ရှိနေကြပြီး၊ ခန်းမမပိတ်မီ ၈း၄၅ အချိန်တွင် ဧည့်ပရိသတ်ပေါင်း ၃၀၀၀ ကျော်နေရာယူပြီး ဖြစ်နေသည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာမိသားစုများနှင့် ချစ်ခင်ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားပြောကြားပြီး ဧည့်ပရိသတ်တို့၏ မေးခွန်းများကို ဖြေကြားသွားသည်။ 
  (ရုပ်သံ မှတ်တမ်း ဆက်လက်တင်ဆက်ပါမည်)

Thank You

Thank You to all Burmese community and USF Community

Friday, September 28, 2012

Live Video Stream Online

၁။ http://www.usfca.edu/suukyi/ 


၂။ http://shwevideos.net/live_broadcasting.php

No Burmese Left Behind !!!!


No Burmese Left Behind !!!!

နက်ဖြန် မနက် စောစော ၆ နာရီ ကတည်းက လာပြီး လက်မှတ်ကောင်တာမှာ လက်ကျန်လက်မှတ်များ ထုတ်ယူပြီး တက်ရောက်နိုင်ပါတယ်။ (ဦးရာလူစနစ်)
( ဧည့်ခံကြိုဆိုရေး အဖွဲ့ )


Thursday, September 27, 2012

Tickets Distribution Updates as of 27th September 2012 for SUU-SF Event


SUU – SF with Burmese Community Event
Tickets Distribution Updates as of 27th September 2012 for SUU-SF Event
ဧည့်လက်မှတ်များ ဖြန့်ချိမှု အခြေအနေ တင်ပြချက်၊ စက်တင်ဘာ ၂၇ အချိန်

22nd September – we received 3600 tickets and 200 over-flow tickets from USF.
စက်တင်ဘာ ၂၂ မှာ USF  ကျောင်းက လက်မှတ် ၃၆၀၀ နဲ့ အရန်ခန်းမ လက်မှတ် ၂၀၀ လက်ခံရရှိပါတယ်။
23rd September – we have started sorting and packing into envelopes and instruction paper
စက်တင်ဘာ ၂၃ မှာ လမ်းညွှန်စာရွက်နဲ့ စာအိတ်ထဲ လက်မှတ်တွေကို စီခြင်း၊ ပြင်ဆင်ခြင်း လုပ်ကြပါတယ်။
24th September – we have started distributing to organizers, groups and references that will do the delivery to their confirmed guests.
စက်တင်ဘာ ၂၄ မှာ အုပ်စုအလိုက်၊ အဖွဲ့အလိုက်၊ အမှုဆောင်များအလိုက် ဖိတ်ကြားထားတဲ့ ဧည့်စာရင်းများထံ ဖြန့်ချိခြင်းကို ပြုလုပ်ပါတယ်။
25th September – we have so far distributed estimated tickets of 2000 to respective groups.
စက်တင်ဘာ ၂၅ မှာ အုပ်စုအလိုက် ဖြန့်ချိခြင်းဖြင့် လက်မှတ်ပေါင်း ၂၀၀၀ ခန့် ဖြန့်ချိနိုင်ခဲ့ပါတယ်။
26th September – we have started sending out pickup notification to remaining guests who signed up individually with their friends and family members
စက်တင်ဘာ ၂၆ မှာ တဦးချင်းနဲ့ မိသားစုအလိုက် ဧည့်စာရင်းသွင်းထားသူများထံ လက်မှတ်ထုတ်ယူနိုင်ရန် အကြောင်းကြားအီးမေးများ ပေးပို့ကြပါတယ်။
We have estimated number of 1600 towards remaining confirmed guests and their families.
တက်ရောက်ရန် ကွန်ဖန်းပေးထားတဲ့ ဧည့်သည်ပေါင်း ၁၆၀၀ ခန့် ရှိတယ်လို့ တွေ့ရပါတယ်။
The below is the instruction for them to pickup tickets at their notified pickup points.
အောက်ဖော်ပြပါအတိုင်း လက်မှတ်များ ထုတ်ယူနိုင်ရန် သတ်မှတ်နေရာတွေနဲ့ လမ်းညွှန်ကို ထုတ်ပြန်လိုက်ပါတယ်။

Tickets Pickup and Sign-out Instruction
လက်မှတ်များ ထုတ်ယူရန်နဲ့ ထုတ်ပေးရန် လမ်းညွှန်

Three pick-up locations are assigned to 3 groups of registered guests based on their postal zip codes.
စာရင်းသွင်းကွန်ဖန်းလုပ်ပြီး ဧည့်သည်တွေရဲ့ စာတိုက်ကုတ်တွေအတိုင်း လက်မှတ်ထုတ်ယူနိုင်တဲ့ စုရပ် ၃ ခုကို သတ်မှတ်လိုက်ပါတယ်။ ဧည့်သည်အုပ်စုကိုလည်း ၃ စု ခွဲလိုက်ပါတယ်။

Please check your pick-up notice and check your pick-up location address mentioned there.
လက်ခံရရှိတဲ့ အီးမေးနို့တစ်မှာ ဖော်ပြထားတဲ့ လက်မှတ်ထုတ်ယူရမယ့် စုရပ်လိပ်စာကို မှတ်သားလိုက်ပါ။

The guest will have to bring the pickup notice to the designated pickup location to exchange for the tickets.
အဲသည် နို့တစ်စာကို ထုတ်ယူပြီးတော့ သင့်လက်မှတ်နဲ့ လဲလှယ်ယူရန်အတွက် အဆိုပါ လက်မှတ်ထုတ်မည့် စုရပ်လိပ်စာကို အရောက်လာပါ။

The volunteer at the sign-out counter will write down your receipt no (your phone number) on your notice with your signature and keep the notice from you in exchange of your ticket/s.
ဧည့်လက်မှတ်နဲ့  သင့်နို့တစ်စာကို ထိုစုရပ်မှာရှိတဲ့ လုပ်အားပေးက လဲပေးပါမယ်။ လဲတဲ့နေရာမှာ နို့တစ်စာပေါ်က သင့်ဖုံးနံပါတ်ကို လက်ခံနံပါတ်အဖြစ် မှတ်တမ်းပြုပြီး သင်လက်မှတ်ထိုးပြီး ထားခဲ့ရပါမယ်။

If you want to pick up at the entrance on the day of the Event, please reply the notice email mentioning you will do "will-call" at the day of the Event. Please be advised that you have to come early around 7:00 AM to pick up the ticket at the entrance to the Event. Make sure bring the print-outs both of "Pick-up Notice" and "Reply email from us acknowledging your will-call request" with you at the early day of the Event.
အဲသည် လက်မှတ်ထုတ်တဲ့နေရာကို မလာနိုင်ရင်တော့ အကြောင်းကြားတဲ့ နို့တစ်အီးမေးကို စာပြန်ပါ။ အဆိုပါ ပွဲနေ့မှပဲ အဲသည်က ဂိတ်မှာ လက်မှတ်ကို ထုတ်ယူလိုကြောင်း စာဖြင့် ရေးပြီး အကြောင်းပြန်ပါ။ အတတ်နိုင်ဆုံး မနက် ၇ နာရီ နောက်ပိုင်း စောစောလာပြီး ပွဲကျင်းပတဲ့ နေရာကို လာပြီး လက်မှတ်ကို လာထုတ်နိုင်ပါတယ်။ ထုတ်ယူရာမှာ အခု နို့တစ်စာရယ်၊ ကျနော်တို့ဆီက (သင်ဂိတ်ပေါက်မှာ ထုတ်ချင်တာကို လက်ခံပါတယ်)ဆိုတဲ့ ပြန်ကြားစာရယ် ၂ ခုစလုံး ယူလာပြီးတော့ ပြသဖို့ လိုအပ်ပါတယ်။

Pick-up Points
လက်မှတ်ထုတ်ယူရန် စုရပ်လိပ်စာများ

-  West Bay Pickup Point - (Theravada Dhamma Society (TDS) , 699 Serramonte Blvd, room 101, Daly City, CA 94017, From 5 - 8 PM - Thurs - Friday)

-  East / South Bay Pickup Point (Dixon Landing Family Dental, 1786 Milmont Drive Milpitas, CA 95035, From 7 to 9 PM - Wed - Friday)

-  Oakland / East Bay Pickup Point (Mary Nicely, 1709 Marin Avenue, Berkeley, CA 94707 between Tulare and Ensenada Avenue, Take I-80 Buchanan Street Exit. From - 5:00-9:00pm Thurs - Friday)

Estimated Total Number of Guests and The crosschecked List

West Bay Guests – 875
East Bay / South Bay Guests – 465
Oakland / East Bay Guests - 268

3 lists are printed based on the pick-up points. The guests and the volunteers can both do cross check the names and the number of guest lists to fix or correct the mismatch or errors. People that are not notified but verified before can request the name look-up from this respective list also. The volunteers will be able to help.
စာရင်း ၃ ခု စလုံးကို အဆိုပါ နေရာတွေမှာ ပုံနှိပ်မိတ္တူ တစုံစီ ထားပေးမှာ ဖြစ်ပါတယ်။ သင်ကိုယ်တိုင်ကော၊ ကောင်တာကလုပ်အားပေးတွေကပါ အမှားအယွင်း လွဲချော်နေမှုတွေ ရှိရင် တခါတည်း စစ်ကြည့်လို့ ရပါတယ်။ ကြိုတင်အကြောင်းကြားခြင်း ခံထားရသော်လည်း နို့တစ်စာ မရခဲ့သူတွေကလည်း ထိုနေရာမှာ သွားပြီးတော့ ကိုယ့်အမည်ကို ရှာဖွေခိုင်းလို့ ရပါတယ်။ လုပ်အားပေးတွေက ကူညီနိုင်ပါလိမ့်မယ်။

Waiting Lists for Additional Guests
နောက်တိုး စောင့်ဆိုင်း ဧည့်စာရင်းဝင်များ
            We will update the status of available tickets for our additional guests who signed up in the Waiting List and also for some who are missing in the notification process on Friday.  The guests would be able to pick up on Saturday morning at the Event counter.
            သောကြာနေ့ နောက်ဆုံးထားပြီးတော့ လက်မှတ်တွေ ကျန်သလောက်၊ ပိုသလောက်တွေရဲ့ အခြေအနေကို ထုတ်ပြန်ပါမယ်။ အဲသည် လက်မှတ်တွေကို လိုက်ပြီးတော့ နောက်တိုး စောင့်ဆိုင်း ဧည့်သည်များကို လက်မှတ်ထုတ်ပေးပါမယ်။ ဒ့ါအပြင် နို့တစ်စာ မရရှိတဲ့ စာရင်းဝင်ဧည့်သည်များအတွက်လည်း ထုတ်ပေးနိုင်အောင် လုပ်ပေးပါမယ်။ သူတို့တွေကတော့ ပွဲမစမီ စနေ့မနက်ခင်းမှာ အခမ်းအနားနေရာမှာ ထုတ်ပေးနိုင်လိမ့်မယ် ဖြစ်ပါတယ်။