အခမ်းအနားဖြစ်မြောက်ရေးအတွက် ကူညီခဲ့ ကြတဲ့ အားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်း
Showing posts with label In the News. Show all posts
Showing posts with label In the News. Show all posts

Monday, October 1, 2012

ဆန်ဖရန်ဘေးဧရိယာမြန်မာများနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲ ရုပ်သံ

ဆန်ဖရန်ဘေးဧရိယာမြန်မာများနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲ ရုပ်သံ
မိုးမခရုပ်သံ၊ (နွေးနွေး၊ ကိုကျော်နိုင်) အောက်တိုဘာ ၁၊ ၂၀၁၂
စက်တင်ဘာ ၂၉၊ USF တက္ကသိုလ်ပရ၀ုဏ်မှာ နံနက် ၉ နာရီ ၁၅ မှ ၁၀ နာရီ ၄၅ အထိ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်ဘေးဧရိယာမြန်မာတိုင်းရင်းမိသားစုများ တွေ့ဆုံပွဲမှာ ဧည့်ပရိသတ် ၃၅၀၀ ခန့် တက်ရောက်ခဲ့ပါတယ်။ ပွဲခင်းအတွင်း ရိုက်ကူးခဲ့တဲ့ ရုပ်သံကို ပြန်လည် တင်ဆက်လိုက်ပါတယ်။ ဆန်ဖရန် မြို့တော်ဝန်က ဒေါ်စုအား နှုတ်ဆက်ခြင်း၊ USF ကျောင်းကိုယ်စား ကယ်လီဖိုးနီးယားလွှတ်တော်အမတ် နန်စီပလိုစီက ဂုဏ်ပြုခြင်း၊ ဒေါ်စုက နှုတ်ခွန်းဆက်ခြင်း နှင့် မြန်မာပြည်သူတို့၏ မေးခွန်းများကို ဖြေကြားခြင်းတို့ ကို အစီအစဉ်တွေထဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Saturday, September 29, 2012

Finally !!!! SUU - SF Event with 3600 guests, a success !!!


  ဆန်ဖရန်စစ္စကိုမြန်မာတိုင်းရင်းသားများနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ
မိုးမခဓာတ်ပုံသတင်း၊ (ကိုထိန်လင်း၊ နွေးနွေး၊ ကိုကျော်နိုင်)၊ စက်တင်ဘာ ၃၀၊ ၂၀၁၂
ယမန်နေ့က ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံပွဲကို ဆန်ဖရန်မြို့တော်၊ USF တက္ကသိုလ်ပရ၀ုဏ်တွင်းရှိ အားကစားခမ်းမမှာ ကျင်းပခဲ့သည်။
 မနက် ၉ နာရီ ၁၅ မှ ၁၀ နာရီ ၄၅ ကြာမြင့်သည် တွေ့ဆုံပွဲသို့တက်ရောက်ရန် မနက် ၆ နာရီကတည်းက ပြည်သူလူထုများ စတင်တန်းစီရောက်ရှိနေကြပြီး၊ ခန်းမမပိတ်မီ ၈း၄၅ အချိန်တွင် ဧည့်ပရိသတ်ပေါင်း ၃၀၀၀ ကျော်နေရာယူပြီး ဖြစ်နေသည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာမိသားစုများနှင့် ချစ်ခင်ရင်းနှီးစွာ နှုတ်ခွန်းဆက်စကားပြောကြားပြီး ဧည့်ပရိသတ်တို့၏ မေးခွန်းများကို ဖြေကြားသွားသည်။ 
  (ရုပ်သံ မှတ်တမ်း ဆက်လက်တင်ဆက်ပါမည်)

Monday, September 10, 2012

Guest Sign-Up Form will be available until Wednesday Mid-Night

ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲ
အွန်လိုင်းဧည့်စာရင်း လက်ခံမှု စက်တင်ဘာ ၁၂ ညတွင် ရပ်ဆိုင်းမည်
မိုးမခအထောက်တော် ၀၀၂၊ စက်တင်ဘာ ၁၀၊ ၂၀၁၂
ယမန်နေ့က တွေ့ဆုံပွဲဖြစ်မြောက်ရေး အမှုဆောင်အစည်းအဝေးတွင် လက်ရှိ ဖွင့်လှစ်ထားသော အွန်လိုင်းဧည့်စာရင်းလက်ခံမှု စာမျက်နှာကို ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ဆုံးဖြတ်သည်ဟု သိရသည်။ လာမည့် ဗုဒ္ဓဟူးနေ့၊ ဒေသံစံတော်ချိန် သန်းကောင်ယံ၊ စက်တင်ဘာ ၁၂ တွင် အွန်လိုင်းဧည့်စာရင်းတင်သွင်းမှု စာမျက်နှာကို နောက်ဆုံးထား လက်ခံမည်ဟု ဆိုသည်။
ထို့အပြင် လုပ်အားပေး စေတနာဝန်ထမ်းဆောင်ရွက်လိုသည့် အမည်စာရင်းတင်သွင်းထားမှုကိုလည်း ယနေ့ကစပြီး စာရင်းပိတ်လိုက်ပြီဟုဆိုသည်။ USF - ယူနီဗာစတီအော့ဖ် ဆန်ဖရန်စစ္စကိုကျောင်းက တွေ့ဆုံပွဲ အဆင်ပြေရေး၊ ငြိမ်းချမ်းချောမွေ့စွာ ကျင်းပနိုင်ရေး၊ ဧည့်ပရိသတ်များ လွယ်ကူစွာ တက်ရောက်နိုင်ရေးတို့အတွက် သူတို့ ကျောင်းကွန်မြူနီတီအနေဖြင့် အစွမ်းကုန် ပံ့ပိုးသွားမှုဟု ပြောကြားကြောင်း ထိုအစည်းအဝေးတွင် အမှုဆောင်များကို အသိပေးခဲ့သည်ဟု သိရသည်။
လက်ခံရရှိထားသော ဧည့်စာရင်းတင်သွင်းမှုများကို စိစစ်ရာတွင် စာရင်းသွင်းထားသူများကို ယခုတပတ်အတွင်း ပြန်လည် ဆက်သွယ်ခြင်း၊ အမှန်တကယ် တက်ရောက်မည့် အမည်နှင့် ဦးရေကို ဧည့်စာရင်းတင်သွင်းသူများ၊ ဒေသအလိုက် ဖိတ်ကြားရေးဒေသခံကိုယ်စားလှယ်များနှင့် ညှိနှိုင်းခြင်း၊ ဧည့်လက်မှတ်များ စီစဉ်ခြင်း၊ ဧည့်လက်မှတ်များကို ကြိုတင်ပေးပို့ခြင်း၊ စသည့် ဖိတ်ကြားရေးဆိုင်ရာ အချောသတ်မှုများကို လာမည့် ရက်သတ္တပတ် ၃ ပတ်အတွင်း လုပ်ဆောင်သွားမည်ဟု ဖိတ်ကြားရေးဆပ်ကော်မတီ အမှုဆောင်က လျာထားကြောင်း ပြောကြားသည်။
ယခု ကျင်းပမည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများ တွေ့ဆုံပွဲကို ဘေးဧရိယာရှိ မြန်မာအရေး နိုးကြားတက်ကြွသူ မြန်မာများ စုပေါင်း ဆောင်ရွက်နေကြောင်း၊ မည်သည့်အဖွဲ့အစည်းတခုတည်းကမျှ ဦးဆောင်ကျင်းပနေခြင်း မရှိဟု သိရသည်။ မြန်မာမိသားစုများ တယောက်တလက် ၀ိုင်းဝန်းကြသည့် ကွန်မြူနီတီ လှုပ်ရှားမှုသာ ဖြစ်သည်ဟု ဆိုသည်။

Monday, August 20, 2012

Welcome Suu Event Announced All Over US of A

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ် မြို့နယ်အသီးသီးက ဖိတ်ကြားလွှာများ ထုတ်ပြန်
မိုးမခအထောက်တော် ၀၀၂၊ သြဂုတ် ၁၉ ၊ ၂၀၁၂
စက်တင်ဘာ တတိယပတ်ခန့်တွင် အမေရိကန်ပြည်ထောင်စုသို့ လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဖိတ်ကြားထားသော အမေရိကန်အဖွဲ့အစည်းများ၊ ကွန်ဂရက်လွှတ်တော်တို့၏ အခမ်းအနားများကို တက်ရောက်မည့်အပြင် အမေရိကန်ပြည်ထောင်စုရောက် မြန်မာတိုင်းရင်းသားမိသားစုများဖြင့်လည်း တွေ့ဆုံပွဲများ ကျင်းပမည် ဖြစ်သည်။
သို့ဖြစ်၍ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ်ဆိုင်ရာ ဆက်သွယ်ရေးကိုယ်စားလှယ် ဒေါက်တာနီနီခင်နှင့်တဆင့် ဆက်သွယ်ပြီး မြန်မာအမေရိကန်မိသားစုများက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲများကို စီစဉ်လျက်ရှိရာ ယခုအခါ ၀ါရှင်တန်ဒီစီတွင် စက်တင်ဘာ ၂၀ တွင်၎င်း၊ နယူးယောက်မြို့တော်တွင် စက်တင်ဘာ ၂၂ တွင်၎င်း၊ ဆန်ဖရန်စစ္စကိုမြို့တော်တွင် စက်တင်ဘာ ၂၉  နှင့် လော့စ်အိန်ဂျလိစ်တွင် အောက်တိုဘာ ၂ ရက် အသီးသီးတို့တွင် တွေ့ဆုံပွဲအခမ်းအနားများ ကျင်းပမည်ဟု သိရသည်။ အခြားကျန်ရှိသော မြို့တော်များကလည်း ၎င်းတို့အစီအစဉ်များကို ထုတ်ပြန်ကြမည်ဟု ဆိုသည်။
အောက်ပါ ပိုစတာများ ထုတ်ပြန်ထားရာတွင် ဆန်ဖရန်စစ္စကိုဘေးဧရိယာ တိုင်းရင်းသားမိသားစုများက ဆက်သွယ်ရန် အဖွဲ့များ၊ လူပုဂ္ဂိုလ်စာရင်းများနှင့် ဧည့်စာရင်း တင်သွင်းရန် အွန်လိုင်းဖောင်ပါဝင်သည့် Google Blog တခုကိုပါ တပါတည်း ထုတ်ပြန်လိုက်သည်။
http://Suu-SF.blogspot.com တွင် ၎င်းတို့၏ သတင်းထုတ်ပြန်ချက်များ တင်ဆက်မည် ဖြစ်ပြီး၊ Facebook Event Page  တခုလည်း ထားမည်ဟု သိရသည်။
  ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများ၏ ဖိတ်ကြားလွှာ
            “မြန်မာပြည်နဲ့ နိုင်ငံတကာက လေးစားကြည်ညိုတဲ့ ခေါင်းဆောင်တဦးကို ကမ္ဘာတ၀ှမ်းက လူထု လူတန်းစားတွေက ဘယ်လို တန်ဖိုးထား ဆက်ဆံကြိုဆိုကြတယ်။ မြန်မာပြည်သားတွေ ကိုယ်တိုင်က အင်မတန်ဂုဏ်ယူဝမ်းမြောက်ပြီး တဦးနဲ့ တဦး လက်ဆင့်ကမ်း လက်တွဲ ဖိတ်ကြား ကြိုဆိုကြတဲ့ တွေ့ဆုံပွဲတွေဖြစ်လိမ့်မယ်” လို့ မျှော်လင့်ကြောင်း မိုးမခမီဒီယာက အကြံပြုလိုက်ပါသည်။