အခမ်းအနားဖြစ်မြောက်ရေးအတွက် ကူညီခဲ့ ကြတဲ့ အားလုံးကိုအထူးကျေးဇူးတင်ရှိပါကြောင်း

Tuesday, September 25, 2012

SUU- SF Event – Distribution of Admission Tickets to all pre-confirmed guests


SUU- SF Event – Distribution of Admission Tickets to all pre-confirmed guests
25th September 2012
Immediate Release from Guest Relation Team
Dear All
မိတ်ဆွေများ ခင်ဗျား

The Event host, USF delivered total of 3600 tickets to us on 22nd September 2012 in the afternoon.
ကျနော်တို့၏ ခန်းမပိုင်ရှင် USF  ကျောင်းက ထုတ်ဝေသော လက်မှတ်ပေါင်း ၃၆၀၀ ကို စက်တင်ဘာ ၂၂၊ ညနေခင်းတွင် လက်ခံရရှိခဲ့ပါတယ်။

We have not wasted time packaging our admission tickets for distribution according to the pre-confirmed sign-up list as soon as we received our tickets. We worked the whole Sunday preparing the sorting of guest lists and tickets according to references, groups and by individual sign-up list.
ဧည့်လက်မှတ်များကို ရသည်နှင့် တပြိုင်နက် အချိန်လုံးဝမဖြုန်းဘဲ၊ ကျနော်တို့သည် ကြိုတင်ကွန်ဖန်းလုပ်ထားပြီး ဖြစ်သော ဧည့်စာရင်းကို စတင် ပြင်ဆင်ခြင်းကို လုပ်ခဲ့ကြပါတယ်။ လက်ခံရရှိထားတဲ့ အုပ်စုအလိုက်၊ အဖွဲ့အစည်းအလိုက် ဧည့်စာရင်း၊ တဦးချင်းနှင့် မိသားစု တခုချင်းအလိုက် ဧည့်စာရင်းများကို လက်မှတ်များ စတင်သတ်မှတ်စီစဉ်ခြင်းကို တနင်္ဂနွေ တရက်လုံး လုပ်ဆောင်ခဲ့ကြပါတယ်။

Now tickets are starting to distribute through references, affiliates, and organizers as of 25th September 2012. The guests who signed-up in groups will be receiving their tickets starting 25th September 2012. For individual who signed-up with their own family and friends independently, we will announce the pickup locations in 2 area, one in San Francisco / Daly City and one in East Bay respectively for them to pick up at their convenient preferences.
စက်တင်ဘာ ၂၅ မှ စတင်ပြီးတော့ အုပ်စု၊ အဖွဲ့၊ အမှုဆောင်များမှတဆင့် ဧည့်စာရင်းသွင်းထားသော သူများထံ  လက်မှတ်များ စတင်ဖြန့်ချိပေးမည် ဖြစ်ပါသည်။ အုပ်စုအဖွဲ့အလိုက် ဧည့်စာရင်းသွင်းထားသူများ အနေနှင့် ၂၅ မှ စတင်ပြီး ဧည့်လက်မှတ်တွေ လက်ခံရရှိမှာ ဖြစ်ပါတယ်။ တဦးချင်းဖြစ်စေ၊ မိသားစု၊ မိတ်ဆွေများနှင့်ဖြစ်စေ အသင်းအဖွဲ့ဖြင့် မဟုတ်ဘဲ သီးသန့် ဧည့်စာရင်း တင်သွင်းသူများအတွက်ကိုတော့ ဆန်ဖရန်/ ဒေလီစီးတီး နှင့် ဘေးအရှေ့ခြမ်း တနေရာမှာ နီးစပ်ရာတွင် လာရောက် ထုတ်ယူနိုင်ရန် နေရာများ ကြေငြာပေးမှာ ဖြစ်ပါတယ်။

Tickets are arranged in colored seating zones depending on the time line of the sign-up.
ဧည့်လက်မှတ်တွေ ထုတ်ပေးရာမှာ မှတ်ပုံတင်ခဲ့တဲ့ အချိန်ကို လိုက်ပြီး ထိုင်စရာနေရာတွေကို အရောင်ဇုံတွေ သတ်မှတ်ပေးထားတာကို တွေ့ရပါမယ်။

Green Zone will be on the floor in front of the stage.
အစိမ်းရောင်ဇုံ ကတော့ စင်မြင့်ရဲ့ ရှေ့က ခုံတန်းတွေ ဖြစ်ပါတယ်။

Blue Zone will be side and back rising benches surrounding the Green Zone.
အပြာရောင်ဇုံကတော့ အစိမ်းရောင်ဇုံကို ၀န်းယံထားတဲ့ ဘေးပတ်လည်က အဆင့်ဆင့်မြင့်သွားတဲ့ ခုန်တန်းတွေ ဖြစ်ပါတယ်။

Yellow Zone will be located on the upper level of the stadium.
အ၀ါရောင်ဇုံကတော့ အားကစားရုံရဲ့ အပေါ်ထပ် ပွဲကြည့်စင် ခုံတန်းတွေ ဖြစ်ပါတယ်။

There will be over-flow room for additional guests.
နောက်တိုးစာရင်းသွင်းထားတဲ့ သူတွေအတွက် အရန်ခမ်းမတခုလည်း စီစဉ်ထားပါတယ်။

Sorry for the late announcement and inconvenience caused but we will do our best to deliver all invited guests with admission tickets.

Please keep sending email to suu-sf-contacts@moemaka.info if you still not hearing back from your references, groups or organizations. For individuals with family and friends, please wait until we announce the pick up location from us (by end of this day).

အခုလိုမျိုး နောက်ကျပြီးမှ ကြေငြာရတာနဲ့ အားလုံးအတွက် ကသိကအောင့်ဖြစ်ရတာအတွက် တောင်းပန်ပါတယ်။ ကွန်ဖန်းလုပ်ပြီး ဧည့်စာရင်းသွင်းထားသူတွေ အားလုံးကို ဧည့်လက်မှတ်ထုတ်ပေးနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

အုပ်စု၊ အဖွဲ့အလိုက်ဖြစ်စေ၊ အမှုဆောင်များမှ ဖြစ်စေ စာရင်းသွင်းထားသူများက မိမိတို့ သက်ဆိုင်ရာ အစုအဖွဲ့တာဝန်ယူထားသူများထံ မေးပါ။ မရသေးလျင် ကျနော်တို့ရဲ့ အီးမေး suu-sf-contacts@moemaka.info ကို အဆက်မပြတ် လှမ်းမေးပါ။ မိမိဖာသာ တဦးချင်း သို့မဟုတ် မိသားစု၊ မိတ်ဆွေတွေနဲ့ စာရင်းသွင်းထားသူတွေကတော့ ဒီညနေလောက်မှာ ကြေညာမယ့် လက်မှတ်ထုတ်ယူရန် နေရာကို စောင့်ကြည့်ပေးပါ။

Best
SUU-SF Event Committee
(Guest Relation Subcommittee)
Date – 25th September 2012

No comments:

Post a Comment